Welcome to www.myanmaritmen.com

မင်္ဂလာရှိတဲ့ နေ့မြတ်လေးပါ..

ဒီနေ့ပဲ ကျွန်တော်တို့ရဲ့ www.myanmaritmen.com ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ အားလုံး လာရောက် လည်ပတ်လှည့်ပါဦးလို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။

ဒီ itmen.myanmarbloggers.org ကိုတော့ မကြာခင် ဖျက်သိမ်းတော့မှာ ဖြစ်ပါတယ်။ နောင်ဆိုရင် itmen.myanmarbloggers.org ကို access လုပ်လိုက်တာနဲ့ www.myanmaritmen.com ကို ရောက်ရှိသွားအောင် redirection လုပ်ထားမှာပါ။

Email Subscription လုပ်ထားသူများအတွက် itmen blog ရဲ့ Feed အစား www.myanmaritmen.com ရဲ့ Feed ကို အလိုလို အစားထိုးပေးသွားပါ့မယ်။

Panda USB Vaccine

Autorun ဗိုင်းရပ်တွေကြောင့် စိတ်ရှုပ်နေရသူတွေ အတွက် အဆင်ပြေမယ့် Utility လေးတစ်ခုကို ပေးပါရစေ။ အခုတလော နာမည်ရလာတဲ့ Panda Security ကနေ Free ပေးတဲ့ USB Vaccine ပါ။ Vaccine(ကာကွယ်ဆေး) ဆိုတဲ့အတိုင်း autorun တွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။



သူ့မှာ Option နှစ်ခုပါဝင်ပါတယ်။ Computer Vaccination မှာတော့  CD/DVD Drive နဲ့ USB Drive တွေရဲ့  autorun ကို Disable လုပ်ပေးပါတယ်။ USB Drive Vaccination ကတော့ USB Drive ထဲမှာ autorun.inf ဖိုင်ကို Create, Read, Modifies, Delete လုပ်လို့မရအောင် ဖန်တီးပေးပါတယ်။

Computer Vaccination ကို ပြန်ဖြုတ်လို့ရပေမယ့် USB Vaccination ကိုပြန်ဖြုတ်ချင်ရင် Format လုပ်မှရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ကို Install လုပ်စဉ်မှာ Automatically Vaccinate ကိုရွေးပေးခဲ့မယ်ဆိုရင် USB Drive ကို တပ်လိုက်တိုင်း Vaccination လုပ်ပေးမှာဖြစ်ပါတယ်။ ဒီလို Vaccination လုပ်ထားတဲ့ USB Drive ကို ဘယ် autorun ကမှ ၀င်နိုင်မှာ မဟုတ်ပါဘူး။



Download ဆွဲမယ်ဆိုရင်တော့ ဒီကနေ ဆွဲနိုင်ပါတယ်။ အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။

IT Men Website ရှင်းလင်းချက်

IT Men Website ကို Joomla နဲ့ ရေးနေတာ ပြီးသလောက် ရှိနေပါပြီ။ အခုတော့ ဒီ Blog ထဲက Post တွေကို Website ထဲ ပြန်ရွှေ့နေရတာက တော်တော်လေး အချိန်ပေးနေရပါတယ်။ ကျွန်တော့်အနေနဲ့ Post တိုင်းကို Website မှာ ပြန်မထည့်တော့ပါဘူး။ ကိုယ်တိုင်ရေးပို့စ်လည်းဖြစ်ပြီး တကယ်ကောင်းတဲ့ ပို့စ်တွေကိုပဲ Website ထဲမှာ ပြန်ထည့်ပါ့မယ်။

ကျွန်တော်တို့ရဲ့ Website ကို အခုလို Plan ချထားပါတယ်။
(၁) Website သို့ လာရောက်လည်ပတ်သူများသည် Register လုပ်နိုင်မည်။ Register လုပ်ပြီးပါက Article များ ရေးသားပြီး တင်နိုင်မည်။
(၂) File များ Upload လုပ်ခွင့်ပေးမည်၊ download လုပ်ခွင့်ပေးမည်။
(၃) Forum ထည့်သွင်းပေးထားမည်။
(၄) Shoutbox ထည့်ပေးထားမည်။
(၅) Article များအတွက် Comments ပေးသောစနစ်နှင့် Ranking စနစ်များ ထည့်သွင်းထားမည်။
(၆) Search, RSS, Categories List of Articles များ ထည့်သွင်းထားမည်။

နံပါတ် (၁) အတွက်ကတော့ တော်တော်လေး စဉ်းစားနေရပါတယ်။ Register လုပ်ရုံနဲ့ Article ရေးသားခွင့် ပေးလိုက်မှာဆိုတော့ ကွန်ပျူတာနဲ့ မဆိုင်တဲ့ Article တွေ၊ တခြားဟာတွေ ရောက်လာမှာကို စိုးရိမ်နေပါတယ်။ သို့ပေမဲ့ အချိန်ပြည့်နီးပါး စောင့်ကြည့်ပေးမဲ့ Admin တစ်ယောက်တော့ ရထားပါပြီ။ တကယ်တော့ သည်ထက် ပိုပြီး Admin အရေအတွက် များသင့်တာပါ။

ပြီးတော့ Author တွေပါ။ ကိုယ်သိထား၊ တတ်ထားတာတွေကို Share လုပ်ပေးမယ့်သူတွေ ရပါ့မလားလို့ ပူပန်နေပါတယ်။ လက်ရှိ အွန်လိုင်းမှာက ကိုယ့် Blog နဲ့ကိုယ် ချဲနေကြတာကိုး။ အခုလို လူအများ စုပေါင်းရေးသားတဲ့ Website ထဲကို ရောက်လာကြပါ့မလား။ စာဖတ်သူရဲ့ ထင်မြင်ချက်ကို ကျွန်တော် တလေးတစား ဖတ်ချင်ပါသေးတယ်။

နံပါတ်(၃) က Forum ကတော့ Joomla ရဲ့ Native forum ကိုပဲ အသုံးပြုသွားမှာပါ။ လာရောက် လည်ပတ်သူတွေကို ပညာရပ်ပိုင်းဆိုင်ရာတွေကို ဖလှယ်ဆွေးနွေးနိုင်ဖို့ ရည်စူးပြီး ထည့်သွင်းထားတာပါ။

စာဖတ်သူများအနေနဲ့ ကွန်ပျူတာစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပေါ်ထွန်းလာမယ့် IT Men Website အတွက် ဝေဖန်အကြံပေးလိုတာများရှိရင် Comment များ ပေးခဲ့ကြဖို့ တလေးတစား ဖိတ်ခေါ်ပါရစေ။

Website ကြီးပြီးလို့ တင်တဲ့အခါမှာ Bagan ကတော့ မပိတ်လောက်ဘူး ထင်ပါရဲ့..ဟူး..

Kaspersky ၀ယ်ပြီးတဲ့အခါ

Kaspersky ခွေ ၀ယ်ပြီးတဲ့အခါမှာ (သို့မဟုတ်) Acer Laptop ၀ယ်လို့ Kaspersky ခွေ ရလာပြီးတဲ့အခါမှာ ခွေထဲမှာပါလာတဲ့ serial number ကိုသုံးပြီး
http://www.thaikaspersky.com/2010eng/register_product.html
မှာ register လုပ်ပါ။ အဲဒီအခါမှာ Activation code ရလာပါလိမ့်မယ်။ အဲဒီ Activation code ကနေ Key file ထုတ်လို့ ရပါတယ်။ Key file ထုတ်ဖို့အတွက်
http://support.kaspersky.com/personalcabinet ကိုသွားပါ။ Customer ID အသစ်တစ်ခု လုပ်ပါ။ Customer ID ရပြီးသွားရင် login ၀င်ပါ။ အဲဒီအခါမှာ activation code ထည့်ပေးလိုက်ရုံနဲ့ Key file ကို download လုပ်နိုင်မှာဖြစ်ပါတယ်။

Core i7 အကြောင်း သိကောင်းစရာ


တစ်နေ့က မန္တလေးသွားပြီး အင်းဝကွန်ပျူတာဆိုင်မှာ ကွန်ပျူတာတွေ သွားဝယ်ပါတယ်။ ပစ္စည်းတွေ ၀ယ်နေရင်းနဲ့ လူတစ်ယောက်ရောက်လာပါတယ်။ သူက ဆိုင်က ၀န်ထမ်းတွေနဲ့ ရင်းနှီးပုံ ရပါတယ်။ စကားတွေ တဖွာဖွာပြောနေလေရဲ့။ သူပြောတဲ့စကားတွေထဲမှာ ကျွန်တော် ပြုံးမိတာလေး တစ်ခုပါတယ်။ သူက အခု အရင်လိုကွန်ပျူတာတွေ ၀ယ်မပေးတော့တဲ့အကြောင်း၊ Video Edit လိုင်းဘက် လုပ်နေတဲ့ အကြောင်းကို ပြောနေပါတယ်။ ကွန်ပျူတာတွေက အရင်လိုလည်းမဟုတ်တော့ဘူး၊ 775 တင်လည်း မကတော့ဘူး၊ နောက်ထပ်လည်း ဘာတွေထွက်မှန်းမသိတော့ စက်ဝယ်ပေးရတာ တော်တော်လေး ခေါင်းစားရတယ်လို့ ပြောပါတယ်။ ကျွန်တော်က အဲဒါကို ပြုံးမိတာပါ။ ဟုတ်ပါတယ်၊ သူပြောသလိုမျိုးပဲ၊ အခုအချိန်မှာ ပီစီတစ်လုံး ဆင်မယ်ဆိုရင် ရွေးစရာတွေက အများကြီးဖြစ်နေတာကိုး။

CPU ထဲက ကြည့်မယ်ဆိုရင် လောလောဆယ် ဈေးကွက်ထဲမှာ Socket 775 သုံးတာရယ်၊ Socket 1156 သုံးတဲ့ CPU ရယ်၊ ပြီးတော့ Socket 1366 သုံးတဲ့ CPU ရယ်ဆိုပြီး CPU သုံးမျိုး ရှိပါတယ်။ Pentium Dual Core, Core2 Duo နဲ့ Core2Quad တို့ဟာ Socket 775 ကို အသုံးပြုပါတယ်။ အခု နောက်ထွက်လာတဲ့ CPU တွေကတော့ Socket 1366 သုံးတာလည်း ရှိပါတယ်။ Socket 1156 သုံးထားတာလည်း ရှိပါတယ်။

Core i7
Socket 1366 ကိုသုံးထားတဲ့ i7 Bloomfield ရှိပါတယ်။ Socket 1156 ကိုသုံးထားတဲ့ i7 Lynnfield လည်း ရှိပါတယ်။ ဒါကြောင့် ဘယ် i7 ကိုသုံးရမှာလည်းဆိုတာက ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။ Bloomfield ကို သုံးမလား၊ Lynnfield ကို သုံးမလားပေါ့။ သေချာတာကတော့ Lynnfield ဟာ Bloomfield လောက်တော့ စွမ်းဆောင်ရည် မမြင့်ပါဘူး။

i7 မှာ Core လေးခု ပါပါတယ်။ Core2Quad နဲ့ တူပါတယ်။ သို့ပေမယ့် မတူတာက HyperThreading ပါတဲ့ အတွက် နောက်ထပ် Virtual Core လေးခု ထပ်ရပါလိမ့်မယ်။ ဒါကြောင့် i7 ဟာ Core ရှစ်ခု ပါတဲ့ ပုံစံ ဖြစ်သွားပါတယ်။ ပြီးတော့ i7 ကစပြီး အရင် CPU တွေတုန်းမှာပါခဲ့တဲ့ FSB (Front Side Bus) ဆိုတာ မပါတော့ ပါဘူး။ FSB အစား QPI (Quick Path Interconnect) ဆိုတာ ပါလာပါတယ်။ FSB ဘာကြောင့် ပျောက်သွားတာလည်း ဆိုတော့ i7 မှာ Memory Controller ဟာ Chiptset ထဲမှာ မရှိတော့ပဲ CPU ထဲကို ရောက်သွားတာမို့ပါ။ ဒါကြောင့် i7 CPU ရဲ့ ဘူးခွံမှာ အရင် CPU တွေတုန်းက FSB က ဘယ်လောက် MHz ရှိပါတယ်လို့ ရေးထားတာကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ စကားမစပ် i7 ရဲ့ QPI Speed ဟာ 25.6 GB/s ရှိပါတယ်။

i7 ရဲ့ ဘူးခွံမှာ Intel က ဦးစားပေး ရေးထားတာက Number of Threads ရယ် Frequency ရယ်ပါ။ Threads ဆိုတာကို တချို့ မကြားဖူးသေးရင်း ရှင်းပြချင်ပါသေးတယ်။ ဒီလိုပါ။

Program တစ်ခု အလုပ်လုပ်ဖို့အတွက် အနည်းဆုံး Process တစ်ခု လိုအပ်ပါတယ်။ ဥပမာ Microsoft Word ဆိုတဲ့ Program အလုပ်လုပ်ဖို့ နောက်က winword.exe ဆိုတဲ့ Process လိုပါတယ်။ Nero နဲ့ ခွေကူးနေတဲ့ အချိန်မှာတော့ nero.exe ဆိုတဲ့ Process နဲ့ imapi.exe ဆိုတဲ့ Process နှစ်ခု လိုအပ်ပါတယ်။ Thread ကတော့ အဲဒီ Process ထက် သေးပါတယ်။ Process တစ်ခုကို Thread ပေါင်းများစွာ ခွဲပြီး run ခိုင်းရင် Performance တက်လာပါတယ်။ သို့ပေမဲ့ အဲဒီလို Thread ခွဲရေးတာဟာ Programmer နဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် Program > Process > Thread ဆိုပြီး ယူဆနိုင်ပါတယ်။ i7 ဟာ တစ်ချိန်တည်းမှာ Thread ရှစ်ခုကို run ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်တယ်လို့ ပြောကြတာပေါ့။

အောက်က ဇယားလေးကတော့ i7 နဲ့ Core2 Quad ကို ယှဉ်ပြထားတာပါ။ intel က ထုတ်ပေးထားတာပါ။

i5 အကြောင်းကို ဆက်လက် ဖော်ပြပေးပါဦးမယ်။ ဆရာ ဖိုးနိုင်ဝင်းကတော့ i7 ဟာ ဈေးကြီးပေးရပြီး တကယ့် high end တွေမှာသာ သုံးစွဲသင့်တဲ့ပုံစံမျိုးအနေနဲ့ PC Word မှာ ရေးသားထားပါတယ်။ i5 ကတော့ ဈေးသက်သာပြီး အဆင်ပြေတာမို့ i5 ခေတ် ဖြစ်လာလိမ့်မယ်လို့ သူက ရေးသားထားပါတယ်။
ကဲ i5 ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းကြရအောင်…