မဟုတ်သေးဘူး။ နောက်နှစ်ပတ်လောက်ကြာမှ တင်နိုင်ပါတော့မယ်။ ဒီ blog လေးကိုလာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုယ့်မှာ ရှိနေတဲ့ ဖိုင်တစ်ခုရဲ့ အမျိုးအစားကို မသိဘူးဆိုရင် ဒီဆိုဒ်မှာ သွားရောက် စစ်ဆေး ကြည့်ရှု နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ ဥပမာ ကိုယ်က .pdf ဆိုတဲ့ ဖိုင်အမျိုးအစားကို စစ်ဆေးကြည့်မယ် ဆိုရင် Adobe Acrobat ဖိုင်ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ [Link]
ကျွန်တော်ကblogရေးပြီးတင်တဲ့အခါ cybercafe ကိုသွားပြီးတင်ပါ
တယ်။ အဲဒီမှာ ဒုက္ခတွေ့ရတာက ဆိုင်ကတစ်ချို့စက်တွေမှာက Unicode တင်မထားဘူး။ အဲဒီတော့ဘာမှရေးမရတော့ဘူးလေ။ အဲဒါနဲ့ လှည့်ပတ်ရှာရင်းနဲ့ Zawgyi-One Web Text Editior ကိုတွေ့သွားပါတယ်။ မဆိုးဘူးဗျ။ Unicode တင်မထားလည်း သူ့ထဲမှာစာရိုက်လို့ရတယ်။ စာရိုက်ပြီးရင် Copy လုပ်၊ ပြီးတော့ blogger ထဲ paste လုပ်ပြီးblog တင်လိုက်ရုံပဲ။
ူlink ကတော့
http://www.mysteryzillion.com/project/webtext/
If you want to know how to hide your files in jpeg, Click this link
http://www.thetechtray.net/2007/05/30/hiding-files-in-jpegs/
ကျွန်တော်နဲ့ Brontok
ကျွန်တော်က ကွန်ပျူတာဂျာနယ်၊ပီစီဝါးလ်မြန်မာ၊ပီစီမဂ္ဂဇင်း လစဉ်ဖတ်သူပါ။ အရင်တုန်း
ကတော့ အဲဒါတွေထဲမှာ ဗိုင်းရပ်တွေအကြောင်းပါပေမယ့် ကိုယ်နဲ့မဆိုင်သလို မဖတ်ဘဲ
နေခဲ့တာဗျ။ ဒါပေမဲ့ နောက်ပိုင်းကျ ကျွန်တော်တို့ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေစထိတော့
တာပဲ။ မှတ်မိသေးတယ် ပထမဆုံးကြုံရတဲ့ဗိုင်းရပ်စ်က Brontok ဗျ။ အဲဒီကောင်က Folder
Option ကိုဖျောက်ပစ်တယ်။ Command Prompt, Task Manager, Regedit တွေ run
လို့မရတော့ဘူး။ နောက်ပိုင်း စက်ကတအားလေးသွားပြီး ဘာprogramမှဖွင့်မရတော့ဘူး။
စကြုံကြုံချင်းတော့ အတော်ဖျားသွားတာပေါ့။ ဘာနဲ့များသတ်ရမလဲပေါ့။ Norton တင်ကြည့်
တယ်။ Brontok ကိုမသိဘူး။ နောက် ရှာတွေ့သွားတာက Symantec Antivirus Coporate
Edition။ ခွေတွေထဲ လျှောက်နှိုက်ရင်းနဲ့ တွေ့သွားတာ။ တင်ကြည့်တယ်။ သူလည်းမသိဘူး။
အဲဒါနဲ့ Internet Cafe သွားပြီး Update Files download လုပ်တယ်။ ပြီးတော့ Update
လုပ်ပြီး Scan စစ်ကြည့်တော့ လားလား..တွေ့ပါလေရော။ Virus တွေအကောင်လိုက်
အထွေးလိုက်ပဲ။ ပြီးတော့ Restart လုပ်။ အင်း ဗိုင်းရပ်စ်တော့ရှင်းသွားပြီ။ ဒါပေမဲ့ Folder
Option လည်းပြန်မပေါ်သေးဘူး။ အဲဒါနဲ့ Hijack This ဆိုတဲ့ program လေးနဲ့ Registry
ကို scan စစ်၊ Fix လုပ်မှပြန်ကောင်းသွားတာ။ အဲဒီ Hijack This ကအတော်ကောင်းတာဗျ
Windows စတက်တက်ချင်း run တဲ့ program တွေ၊ registry အမှားတွေကို ထောက်လှမ်း
ပေးနိုင်တယ်။ PC World ကညွှန်းတာနဲ့ download လုပ်ပြီး သုံးကြည့်တာလေ။
ဒီနေ့ ဒီလောက်ပဲ ရေးချင်တယ်ဗျာ။ နောက်ရက်တွေကျရင် Flashy နဲ့ကြုံခဲ့တာ၊ Ship Up
ကူးစက်ခံရတဲ့အကြောင်း၊ Ravmon ကိုသတ်ခဲ့တဲ့အကြောင်း စတာတွေကို ရေးပြီး တင်ပါ့မယ်။
  RSS feed for these Bookmarks
မေးမြန်းဆွေးနွေးလိုသည်များကို www.mmitmen.co.cc ထဲတွင်သာ ပြုလုပ်ပေးပါရန် မေတ္တာရပ်ခံပါသည်။